Nan Kya
0
0
Release Date 2023
0
Lyrics Nan Kya

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒါ-ဒါ-ဒါး-ဒါး-ဒါ-ဒါ-ဒါ

ဝါးဓနိငယ်လည်း စောင်းလို့ရွဲ့

ကြမ်းခင်းအိုမနင်းဝံ့စရာဘဲ

ဘေးစောင်းလို့လှဲ အတွေးနယ်ထဲ

နေရာဟောင်းနန်းဗိမ္မာန်ထဲ

အညောင်းကမပြေ ခါးဆန့်သော်လည်း

အရိုးအဆစ်ကိုက်ခဲ ဘေးနံထဲ

တစ်ခုမဟုတ်ရင် တစ်ခုခုကမလွဲ

အဆုတ် အသည်း ကျောက်ကပ်တွေထဲ

ရွှေဘုံနန်းရှင်စည်းစိမ်လိုမဟုတ်

ငါ့မှာလည်း

အရင်းမဲ့သေရွာသို့တဲ့

နတ်ဆိုးမိစ္ဆာ အရေးမပါ

လာရောနှောမနေနဲ့

အစကကို ပံ့သကူပါပဲ

ဖယောင်းမီးတိုင်လေးနဲ့အမှောင်ထဲ

ဆေးလိပ်တိုကပြန့်လို့ကျဲ

နေ့ကအိုညရက်ရှည်တဲ့

သံစုံနိုးထတေးငှက်လည်း

ရေမျောကမ်းတင် ဖွတ်ဘုရင်မိကျောင်းမဟုတ်တော့လည်း

နန်းကျသခင်မြစ်ဆင်းရဲ

အချော်ကြီးဘေးချော်လာခဲ့တာ

အခုမှမဟုတ်ဘဲ

သူ့ဟာသူကိုယ့်ဟာကိုပဲ

မှီတွယ်ကပ်ပါး စတေးစရာအသွေးအသား

ချယ်လှယ်မှုကအတွင်းလှိုက်စား

ခွန်အင်နဲ့အား မီးကိုလေစား

သည်တစ်ကွေ့လမ်းဖြောင့်မဲ့ရှည်လျား

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ-ဒူ

ဒါ-ဒါ-ဒါး-ဒါး-ဒါ-ဒါ-ဒါ

Ahh

Reviews for the song
  • Смайлы и люди
    Животные и природа
    Еда и напитки
    Активность
    Путешествия и места
    Предметы
    Символы
    Флаги